စေတုတ္တရာမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

စေတုတ္တရာ   အောက်တိုဘာ ၁၇

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသားကျောင်းသူများ စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပသည်။

အခမ်းအနားသို့  စေတုတ္တရာမြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်သည်။ 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဟိန်းထက်အောင်က အမှာစကားပြောကြားသည်။ ထို့နောက် ပွဲတော်အတွင်းထည့်သွင်းကျင်းပသော အခြေခံပညာအလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် မူလတန်းအဆင့် ပုံပြင်‌ပြောပြိုင်ပွဲတွင် ဆုရရှိသူများနှင့် “အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း" Never Stop Learning Talk Show တွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုလက်‌ဆောင်များ ချီးမြှင့်ပေးခဲ့သည်။ ထို့နောက်စေတုတ္တရာမြို့နယ်အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူများက "ပညာဘဏ်တိုက်စာကြည့်တိုက်ကိုသွားကြစို့"သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။ 

ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြဘုတ်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ 

ဇာဇာငြိမ်း(ပြန်/ဆက်)