Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သုံးခမြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆောင်ရွက်မည့် အ.ထ.က (၁) ကျောင်းကို ကွင်းဆင်းကြည့်ရှု
Oct 18,2025
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆောင်ရွက်မည့် အ.ထ.က (၁) ကျောင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ၊ စကားပုံဆက်၊ ဉာဏ်စမ်းနှင့်ဂိမ်းပြိုင်ပွဲများ ကျင်းပ
Oct 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေး ဟောပြောပွဲ၊ စကားပုံဆက်၊ ဉာဏ်စမ်း၊ ဂိမ်းပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အောက်တိုဘာ (၁၆) ရက်နေ့မွန်းလွဲပိုင်းက ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှုး ဦးကြည်မြင့်က အဖွင့်အမှာစကားပြောကြားပေးခဲ့ကာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးသိန်းနိုင်မှ ဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် လိုအပ်ချက်များအား ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Oct 18,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲက မြို့နယ်ကျောက်တိုင် အားကစားကွင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Oct 18,2025
မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင် ထူးချွန်ထက်မြက်သည့် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာ ဗဟုသုတရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ရွှေတောင်မြို့နယ် အ.မ.က (မင်းတဲ)ကျောင်းတွင် အောက်တိုဘာ ၁၆ ရက်နေ့၊ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မိတ်ဖက်ဌာနဆိုင်ရာများ ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြာပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းလပ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Oct 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ
Oct 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ပြိုင်ပွဲ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ် အနောက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင်စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကွင်းဆင်းဆေ…
Oct 18,2025
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အနောက်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2573
Page
2574
Page
2575
Page
2576
Current page
2577
Page
2578
Page
2579
Page
2580
Page
2581
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department