မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး မိတ္ထီလာမြို့နယ်အဆင့်မဲဆန္ဒရှင်စာရင်းများ စနစ်တကျပြုစုပြီးစီးရေး ကြည့်ရှုစစ်ဆေး

မိတ္ထီလာ အောက်တိုဘာ၁၇

မိတ္ထီလာမြို့နယ်အဆင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာဖြင့် အချိန်မီစနစ်တကျ ပြုစုပြီးစီး နိုင်ရေးဆောင်ရွက်နေမှုကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲက မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးနေလင်းစိုး လာရောက်ကြည့်ရှုစစ်ဆေးသည်။

 ထိုသို့ စစ်ဆေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်မြင့်ဦး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနန္ဒကျော်သူ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးမောင်မြင့်၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မိတ္ထီလာခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းကျော်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို မှန်ကန်စွာစိစစ်ပြုစုရေးနှင့် အချိန်မီစနစ်တကျဆောင်ရွက်ပြီးစီးရေးတို့ကို မှာကြားခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)