အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2021
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ၊ညောင်တုန်းမြို့နယ်တွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံ သားကတ်ကို ကိုင်ကြစို့” ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးကို ယနေ့ နံနက် ၉ နာရီအချိန်တွင်  ညောင်တုန်းမြို့နယ်ကျုံတမာကျေးရွာအုပ်စုရှိ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း ၉၀၅ တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
Sep 10,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများ၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူများ နေ့စဉ်မြင့်တက်လျက်ရှိရာ ပိုးတွေ့လူနာများ မြင့်တက်မှုမရှိစေရေး၊ အသွားအလာ ကန့်သတ်မှုများကို ပြည်သူများသို့ အသိပေးပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီနှင့် တာဝန်ရှိဌာနဆိုင်ရာများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ အသံချဲ့စက်များဖြင့် အသိပေးနှိုးဆော်ခဲ့ သည်။
Sep 10,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ အောက်ဆီဂျင်လုံလောက်စွာ ထုတ်လုပ်ရရှိနိုင်ရေး၊ အောက်ဆီဂျင်ပြတ် လပ်မှုမရှိစေရေးနှင့် အောက်ဆီဂျင်လိုအပ်သော အရေးပေါ်လူနာများအား အမြန်ဆုံးကုသပေးနိုင်ရေးအတွက် အောက်ဆီဂျင် ထုတ်လုပ်သည့် မုဒုံမြို့နယ် ဝင်းစိန်တောရ ကျောင်းဝင်း အောက်ဆီဂျင် စက်ရုံမှစက်ပစ္စည်းများ တပ်ဆင်နေမှုအခြေအနေများနှင့် အောက်ဆီဂျင်စက်စတင်စမ်းသပ်မောင်းနှင်းမှုကို ယနေ့ နေ့လယ်ပိုင်းကစ၍ ထုတ်လုပ်လည် ပတ်လျက်ရှိကြောင်း သိရသည်။
Sep 10,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခံရ၍ ပျက်စီးသွားသော မိုးစပါးစိုက်တောင်သူများအား ယမန်နေ့ နံနက် ၉ နာရီခွဲခန့်က မြပတိုင်ကျေးရွာ နည်းပညာပြန့်ပွား ရေးစင်တာ၌ မျိုးစေ့နှင့်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
Sep 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်နေပြည်သူများအား “ပန်းခင်း” စီမံချက်ဖြင့် တိုင်းရင်းသား/ဉပဒေအရ နိုင်ငံသားများအား ဥပ‌ဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရန်အတွက် ကျေးရွာများ အရောက် လိုက်လံ၍ စာရင်းများ ကောက်ယူလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယလူဝင်မှု ကြီးကြပ်ရေးမှူး ဦးဇော်လင်းထွဋ်နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ ရာအိမ်မှူးများက ညောင်ဝိုင်း ကျေးရွာအုပ်စုသို့ ကွင်းဆင်းစာရင်းကောက်ယူခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Sep 10,2021
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ အမှတ်(၂)ရပ်ကွက်နှင့်အမှတ်(၅)ရပ်ကွက်ရှိ ကာကွယ်ဆေး ထိုးရန် စုရပ်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ယနေ့ နံနက် ၁၀ နာရီအချိန်က အခမဲ့ဆေးထိုးနှံပေးခဲ့ ကြောင်းသိရသည်။     
Sep 10,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် Mobile Test Kits စစ်ဆေးရေးယာဉ်ဖြင့် ယမန်နေ့ နံနက်ပိုင်းက နတ်မောက်မြို့နယ်ဘန်းကုန်းကျေးရွာရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test Kits ဖြင့်အခမဲ့စစ်ဆေးပေးခဲ့ကြောင်းသိရသည်။
Sep 10,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ် ၊ ဝမ်ပုံကျေးရွာအုပ်စု ရှိ ဝမ်ပုံကျေးရွာအား ကျေးရွာမြေငှားဂရန်ရရှိရေးစီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးနှင့်အဖွဲ့ဝင်များ ၊ ရပ်မိရပ်ဖများပါဝင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ နေအိမ် များသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။