ညောင်တုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ညောင်တုန်း စက်တင်ဘာ  ၁၀

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ၊ညောင်တုန်းမြို့နယ်တွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံ သားကတ်ကို ကိုင်ကြစို့” ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးကို ယနေ့ နံနက် ၉ နာရီအချိန်တွင်  ညောင်တုန်းမြို့နယ်ကျုံတမာကျေးရွာအုပ်စုရှိ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း ၉၀၅ တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ  ဦးကျော်စိုးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနဦးစီးအရာရှိ ဦးကျော်ဇေယျဦးဆောင်သောဝန် ထမ်းများမှမိမိတို့မြို့နယ်တွင် နေထိုင်ကြသော ပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် လက်ရှိဇာတိတွင် အမြဲနေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားလက်ကိုင်မရှိသူများအား ထုတ်ပေးနိုင်ရေးအတွက်  ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့နံနက်တွင် လူဦးရေစာရင်းရှိပြီး အိမ်ထောင်စုစာရင်း မရှိသောအိမ်ထောင်စု(၄၁)စု၊ အသက်၁၂နှစ်ပြည့် နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အသက်၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ( ၆၀) ဦး တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းကို မြို့နယ်တာဝန်ရှိသူထံမှ သိရှိရသည်။

မြို့နယ်( ပြန်/ဆက်)