အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များနှင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ်ထိုးနှံပေးမှုကို စက်တင်ဘာ ၃ရက်နေမှစတင်၍ ထိုးနှံပေးခဲ့ရာ ယမန်နေ့တွင်  လူဦးရေ ၂၉၉၄ဦး အောင်မြင်စွာ ထိုးနှံပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။
Sep 10,2021
ရှမ်းပြည်နယ် ၊မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ အမှတ်(၂) ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်ရှိ ကာကွယ်ဆေးထိုးရန်စုရပ်များ၌ ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေးအား ယနေ့ နံနက် ၁၀ နာရီအချိန်က အခမဲ့ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။
Sep 10,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်း၌ ဒုတိယအကြိမ် ကာကွယ် ဆေးထိုးနှံပေးမှုများအား ပြည်သူများသိရှိနိုင်ရန်နှင့် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက် များအား အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ယနေ့ နံနက်ပိုင်းက လှည့်လည်အသိပေးနှိုးဆော် ဆောင်ရွက်ပေးလျက်ရှိသည်။
Sep 10,2021
ချောင်းဆုံမြို့နယ် ဆေးရုံဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံတွင် ဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ်ဖြင့် ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုနှင့် ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ နံနက် (၉)နာရီ က အဆိုပါ အဆောက်အဦတွင် ကျင်းပသည်။ ရှေးဦးစွာ ကြွရောက်လာကြသော ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလ ခံယူတော်မူပြီး မုရစ်ကြီး တောင်ပေါ်ကျောင်းတိုက်ဆရာတော်မှ ဩဝါဒကထာ မိန့်ကြားကာ အောက်ဆီဂျင်စက်ရုံဖြစ် မြောက်ရေး ပံ့ပိုးကူညီခဲ့သည့်အလှူရှင်များအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
Sep 10,2021
 စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ထီးဆောင်းစံပြကျေးရွာ ရွှေရတုတိပိဋကစက္ခုပါလ ဆေးရုံတော် အတွင်း တည်ဆောက်ပြီးစီးပြီဖြစ်သည့် အောက်စီဂျင်စက်ရုံမှ ယခုအခါ အောက်စီဂျင်များ စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။
Sep 10,2021
မကွေးတိုင်းဒေသကြီး ၊တောင်တွင်းကြီးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ(၁၃)ရက် နေ့တွင်ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက်(၁၀)နာရီက မြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနရုံး Community Centre ခန်းမတွင် ကျင်းပြုလုပ်ခဲ့သည်။
Sep 10,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွား များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်နိုင်ငံ့ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဩဂုတ်(၂၉)ရက်နေ့မှ စတင်၍ စက်တင်ဘာလ(၆)ရက်နေ့အထိ လူဦးရေ(၄၇၆၇)ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းက ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံဖို့ ကျန်ရှိနေသူများအား ပြန်လည် ထိုးနှံပေးခဲ့ကြောင်း သိရသည်။