ပိုင်ကျုံမြို့ အထကကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ပိုင်ကျုံ စက်တင်ဘာ ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် သံဃာတော်များ၊  အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံဝန်ထမ်းများနှင့်  ဈေးရောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင်  ပိုင်ကျုံမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရှိရသည်။

ပိုင်ကျုံမြို့အတွင်းရှိ စက်တင်ဘာလ(၁/၂/၅)ရက်နေ့တွင် ကာကွယ်ဆေးလာရောက်ထိုးနှံရန် ကျန်ရှိသည့်   သံဃာတော်များ၊ အသက်(၆၅)နှစ်အထက်  သက်ကြီးဘိုးဘွားများ၊  ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ နိုင်ငံဝန်ထမ်းများနှင့် ဈေးရောင်းသူများအား   စက်တင်ဘာလ(၁၀)ရက်နေ့တွင် စတင်ပြန်လည်ထိုးနှံပေး လျက်ရှိပြီး   နောက်ရက်တွင်မှာလည်း  ကာကွယ်ဆေးထိုးနှံရန်   ကျန်ရှိများအား     ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးလာရောက် ထိုးနှံသူ များအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်းတိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။        

ပိုင်ကျုံ (ပြန်/ဆက်)