Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test-Kit ဖြင့် ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေး
Sep 12,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကျောက်တန်းကျေးရွာအုပ်စု၊ ထမ်းဆမ်း ရွှေတိဂုံရှိ မေတ္တာခမ်းတန်ဓမ္မာရုံ၌ RDT Test-Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/ မရှိ ကျေးရွာ အရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီမှ စတင်၍ဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ(၇)ဦး ထပ်မံတွေ့ရှိပြီးဆေးရုံဆင်း လူနာ(၁၄)ဦး ရှိကြောင်း သိရ
Sep 12,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများအရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၇)ဦးထပ်မံ တွေ့ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ် Community Centre ခန်းမတွင် လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေး ဆွေးနွေးပွဲ Talk Show ဆောင်ရွက်
Sep 12,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ယနေ့ နံနက် (၁၀)နာရီက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး ဆွေးနွေးပွဲ Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်အကျဉ်းထောင်တွင် ကိုဗစ်-၁၉ ကူးစက်မှုမရှိစေရေးနှင့် အကျဉ်းသားများအား ရောဂါ ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများ စစ်ဆေး
Sep 12,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ အကျဉ်းထောင်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိရေး၊ အကျဉ်းသား များအား ရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေများအား ယနေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဉာဏ်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ် ကြက်ခြေနီအသင်းခွဲပိုင် မော်တော်ယာဉ်တစ်စီး အကြီးစားပြင်ဆင်မှုများ ပြုလုပ်နေစဉ်ကာလအတွင်း ကျန်ရှိသည့်ယာဉ်များဖြင့် အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်း…
Sep 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ကြက်ခြေနီအသင်းခွဲပိုင် မော်တော်ယာဉ် တစ်စီး အကြီးစားပြင်ဆင်မှုများ ပြုလုပ်နေစဥ်ကာလအတွင်း အသင်းတွင်ကျန်ရှိသည့် ယာဉ်များဖြင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပလက်ဝမြို့နယ်ရှိ ဗုဒ္ဓဘာသာရဟန်းသံဃာတော်များနှင့် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်ကိုတော်များအား လှူဖွယ် ပစ္စည်းများထောက်ပံ့လှူဒါန်း
Sep 12,2021
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်တွင် သီတင်းသုံးနေထိုင်ကြသော ရဟန်းသံဃာတော်များအား ချင်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့မဝိသုဒ္ဒါ ရုံ ကျောင်းတိုက်၌ ပလက်ဝမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း(၄၆)ကျောင်း၊ သံဃာအပါး(၆၉) ပါးနှင့် သီလရှင် (၁) ပါး၊ ပေါင်း(၇၀)ပါးအား တစ်ပါးလျှင် ဆွမ်းဆန်စိမ်း(၅)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ဆား(၅၀)ကျပ်သားနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်သုံးပစ္စည်း များနှင့်အလှူ ငွေ(၁၈၀၀၀)ကျပ်နှုန်းဖြင့် လှူဒါန်းငွေစုစုပေါင်း(၁၂၆၀၀၀၀)ကျပ်တိတိ ကို ရှေးတန်းအမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်မှတပ်မမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်တို့မှ လှူဒါန်းမှုပြု၍ ရေစက်သွန်းချအမျှပေးဝေခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်
Sep 12,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လျင်လျင်မြန်မြန် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ယနေ့ နံနက်(၈)နာရီအချိန်က မြို့နယ်မီးသတ် ဦးစီးဌာနရုံး၌ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Sep 12,2021
နိုင်ငံတော်မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအားလူမှုရေးပင်စင်အဖြစ် ထောက်ပံ့ငွေ များပေးအပ်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များတွင် ယနေ့ နံနက် ၉ နာရီမှ စတင်ကာ အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25716
Page
25717
Page
25718
Page
25719
Current page
25720
Page
25721
Page
25722
Page
25723
Page
25724
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department