ဂွ စက်တင်ဘာ ၁၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများအရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၇)ဦးထပ်မံ တွေ့ရှိကြောင်း သိရသည်။
ပိုးတွေ့လူနာ(၇)ဦးမှာ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်မှ သံသယလူနာ (၁) ဦး၊ ရဟိုင်ကူးတို့ကျေးရွာ မှ သံသယလူနာ (၁) ဦး၊ကျောင်းကုန်းကျေးရွာ မှ သံသယလူနာ (၁) ဦး၊ ရဟိုင်ကွင်းကျေးရွာမှ သံသယလူနာ (၁) ဦး၊ မကျည်းငူကျေးရွာ မှ သံသယလူနာ (၁) ဦး၊ တာလောင်ကြီးကျေးရွာမှ သံသယလူနာ (၁) ဦး၊ ပုသိမ်မြို့၊ ဂျိုင်လယ်ကျေးရွာမှ သံသယလူနာ (၁) ဦးတို့ဖြစ်ကြောင်းသိရသည်။
ပိုးတွေ့လူနာ (၇)ဦးကို ပြည်သူ့ဆေးရုံ(ဂွမြို့) တွင် -(၄) ဦး၊Covid-19 ကုသရေး Center.2 (ဂွမြို့)တွင် (၂)ဦးနှင့် ကျိန္တလီတိုက်နယ်ဆေးရုံတွင် (၁) ဦးထားရှိ၍ ဆေးကုသမှုကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပိုးတွေ့လူနာနှင့်ထိစပ်သည့် လူများကိုလည်း (Stay at Home) ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ဂွမြို့နယ်တွင်ယနေ့ဆေးရုံဆင်းလူနာ (၁၄) ဦး၊ ကုသဆဲလူနာ စုစုပေါင်း (၆၁) ဦးနှင့်ပြင်းထန် လူနာ (၁၄) ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရွှေရည်ဝင်းကျော်