မိုင်းပျဉ်း စက်တင်ဘာ ၁၂
နိုင်ငံတော်မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအားလူမှုရေးပင်စင်အဖြစ် ထောက်ပံ့ငွေ များပေးအပ်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များတွင် ယနေ့ နံနက် ၉ နာရီမှ စတင်ကာ အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
လူမှုရေးပင်စင်အဖြစ် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ်ထောက်ပံ့ပေးလျက်ရှိပြီး ယခုထောက်ပံ့ပေးသည့် ဘိုးဘွားတစ်ဦး လျှင် သုံးသောင်းကျပ်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်အတွက် ပေးအပ်ခြင်းဖြစ်ပြီး မိုင်းပျဉ်းမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၄၄)ဦးရှိရာ တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်(၄၃၂၀၀၀၀)ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ကာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့က အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ခရီးဝေးကွာသည့် ကျေးရွာအုပ်စုများရှိ သက်ကြီးဘိုးဘွားများအား ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေး ဝန်ထမ်းများမှတစ်ဆင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)