ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test-Kit ဖြင့် ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေး

 

ဟိုပုံး စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကျောက်တန်းကျေးရွာအုပ်စု၊ ထမ်းဆမ်း ရွှေတိဂုံရှိ မေတ္တာခမ်းတန်ဓမ္မာရုံ၌   RDT Test-Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/ မရှိ ကျေးရွာ အရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီမှ စတင်၍ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးဆန်းထွန်းနှင့် တာဝန်ရှိသူများ ကကြီးကြပ်၍  ဟိုပုံးပြည်သူ့ဆေးရုံမှ ကျန်းမာရေး များက ပြည်သူ့စစ်(၃)ဦးနှင့် ဝေယျာဝစ္စဆောင်ရွက်သူ (၃၅)ဦး စုစုပေါင်း(၃၈)ဦး တို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test-Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိ ကြောင်းသိရသည်။

ဟိုပုံးခရိုင်(ပြန်/ဆက်)