ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပလက်ဝမြို့နယ်ရှိ ဗုဒ္ဓဘာသာရဟန်းသံဃာတော်များနှင့် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်ကိုတော်များအား လှူဖွယ် ပစ္စည်းများထောက်ပံ့လှူဒါန်း

 

ပလက်ဝ  စက်တင်ဘာ ၁၂

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်တွင် သီတင်းသုံးနေထိုင်ကြသော ရဟန်းသံဃာတော်များအား ချင်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့မဝိသုဒ္ဒါ ရုံ ကျောင်းတိုက်၌ ပလက်ဝမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း(၄၆)ကျောင်း၊ သံဃာအပါး(၆၉) ပါးနှင့် သီလရှင် (၁) ပါး၊ ပေါင်း(၇၀)ပါးအား တစ်ပါးလျှင် ဆွမ်းဆန်စိမ်း(၅)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ဆား(၅၀)ကျပ်သားနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်သုံးပစ္စည်း များနှင့်အလှူ ငွေ(၁၈၀၀၀)ကျပ်နှုန်းဖြင့် လှူဒါန်းငွေစုစုပေါင်း(၁၂၆၀၀၀၀)ကျပ်တိတိ ကို ရှေးတန်းအမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်မှတပ်မမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  နှင့်အဖွဲ့ဝင်တို့မှ လှူဒါန်းမှုပြု၍ ရေစက်သွန်းချအမျှပေးဝေခဲ့သည်။

ဆက်လက်၍ မွန်းလွဲ ၃ နာရီအချိန်တွင် မြို့မနှစ် ခြင်းဘုရားကျာင်း၌ခရစ်ယာန်အသင်းတော် (၂၇)သင်းရှိ ကိုတော် (၃၁၀)ပါးအား အလားတူ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေ (၁၈၀၀၀)ကျပ် နှုန်းဖြင့်လှူဒါန်းငွေ စုစုပါင်း(၅၅၈၀၀၀၀)ကျပ် တိတိကို လှူဒါန်းမှုပြုခဲ့ရာ ချင်းပြည်နယ်အစိုးရ အဖွဲ့မှ စုစုပေါင်း ထောက်ပံ့လှူဒါန်း ငွေ (၆၈၄၀၀၀၀)ကျပ်နှင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်သုံးပစ္စည်းများအား ထောက်ပံ့လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။   

အောင်ကျော်(ပြန်/ဆက်)