Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆားလင်းကြီးမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 12,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ OSS ခန်းမနှင့် ဆားလင်းကြီး(အ.ထ.က)ရှိ ပန်းမြတ်သဇင်ခန်းမ၌ ယနေ့ နံနက် ၈ နာရီအချိန်က စတင်၍ ရပ်ကွက်နှင့်ကျေးရွာများမှ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခဲ့သော အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးစာပေးအုပ်စုအလိုက် သတ်မှတ်ထားရှိသူများအား မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းကြီးရပ်ကွက်၊ လမ်းများတွင် ကိုဗစ်ရောဂါပိုးထိစပ်သူ(၉၅)ဦးအား ကိုဗစ်-၁၉ရောဂါကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်ရေး RDT Test-Kit ဖြင့် ကွင်းဆင်းစစ်ဆေးပေး
Sep 12,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက်အတွင်း ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိမှုများနေသဖြင့် စက်တင်ဘာလ(၄)ရက်မှစ၍ Lock Down ချထားပြီးစောင့်ကြပ်ကြည့်ရှု ပေးနေသော ရွှေလိပ်ပြာလမ်း၊ တိုးချဲ့(၂)လမ်းနှင့်တိုးချဲ့(၃)/(၄)/(၅)လမ်းတို့အတွင်းမှ ကိုဗစ်ရောဂါ အတည်ပြုလူနာနှင့်ထိပ်စပ် သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ လက္ခဏာမပြဘဲ သာမန်လူများ ကဲ့သို့ သွားလာလှုပ်ရှားနေခြင်းဖြင့် အခြားသူများထံ ရောဂါပိုးဆက်လက်ပြန့်ပွား ကူးစက်နိုင် သဖြင့် ရောဂါပိုးရှိနေသူများအား စစ်ဆေးဖော်ထုတ်ပြီး ရောဂါကွင်းဆက်ဖြတ် တောက်နိုင်ရေး အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အစီအမံဖြင့် လူ(၉၅)ဦးအား ကိုဗစ်ရောဂါပိုးရှိ/မရှိ RDT Test-Kit ဖြင့် စစ်ဆေးပေးခြင်းအား ယနေ့ နံနက်၁၀နာရီမှ၁၂နာရီအထိ ကျန်းမာရေး ဆရာမများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်ချောင်းဆုံကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေး…
Sep 12,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က စက်တင်ဘာ ၁၁ ရက် ၊ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ချောင်းဆုံ ကျေးရွာသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် (ရန်ကုန်တိုင်း)မှ ကိုယ်ခံအားမြှင့် ဗီတာမင် D3 ဆေးရည်များ လှူဒါန်း
Sep 12,2021
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ငပလီမြို့ ၊ ဂွမြို့နှင့် ကျိန္တလီမြို့ရှိ ပြည်သူများအတွက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်(ရန်ကုန်တိုင်း)မှ လှူဒါန်းသည့် ကိုယ်ခံအားမြှင့် ဗီတာမင် D3 ဆေးရည်များကို ငပလီမြို့ ပရဟိတအဖွဲ့ဝင်များက ရန်ကုန်မြို့တွင် သွားရောက် လွှဲပြောင်းလက်ခံ ခဲ့ပြီး ပြည်သူ့လက်ဝယ်ရောက်ရှိနိုင်ရေးအတွက် စက်တင်ဘာလ(၁၂) ရက်နေ့ မွန်းလွဲ (၂)နာရီအချိန်က သက်ဆိုင်ရာ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန် ထမ်းများနှင့် ပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိ…
Sep 12,2021
မုံရွာမြို့နယ်အတွင်း နိုင်ငံတော်မှ ထောက်ပံ့သည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ (ပထမကြိမ်) ထိုးနှံပေးပြီးသော အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန် ထမ်းများနှင့် ပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို စဉ်ဆက်မပျက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီမှ နေ့လယ်(၁)နာရီအထိ ဆေးထိုးစုရပ် (၃)နေရာခွဲ၍ သတ်မှတ်ရက်များအတွင်း ဦးတည်အုပ်စု(၁၂)စုမှ ဦးစားပေးအလိုက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ ရဟန်း၊ သာမဏေများ၊ သာသနာ့အနွယ်ဝင်သီလရှင်များနှင့် ဘိုးဘွားရိပ်သာတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်
Sep 12,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ မြို့မသီဟနာဒကျောင်း တိုက်၊ ပဏ္ဍိတရာမကျောင်းတိုက်၊ မင်္ဂလာကန်ဦးကျောင်း၊ သိင်္ဂီရတနာသီလရှင်ကျောင်းတိုက်၊ ဓမ္မဇေရုံသီလရှင်ကျောင်းနှင့် ဘိုးဘွားရိပ်သာတို့မှ ရဟန်း၊သာမဏေများ၊ သာသာနာ့အနွယ်ဝင် သီလရှင်များနှင့် အဘိုး၊ အဘွားများအား ယနေ့ မွန်းလွဲ ၁ နာရီက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တီကျစ်၌ ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၁၀၅၈)ဦးထိုးနှံပြီး
Sep 12,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ် ကျေးရွာ အုပ်စု၊ အ.လ.က ဆည်ခေါင်းကျောင်း၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့အထိကာကွယ်ဆေးထိုးနှံပြီးသူ (၁၀၅၈)ဦး ထိုးနှံပြီးဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 12,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရန်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် စက်တင်ဘာ ၁၂ ရက် ၊ ယနေ့ နံနက်ပိုင်းက မြို့နယ်တည်ဆောက် ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25710
Page
25711
Page
25712
Page
25713
Current page
25714
Page
25715
Page
25716
Page
25717
Page
25718
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department