မုံရွာမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန် ထမ်းများနှင့် ပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

မုံရွာ၊ စက်တင်ဘာ ၁၂

 

မုံရွာမြို့နယ်အတွင်း နိုင်ငံတော်မှ ထောက်ပံ့သည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ (ပထမကြိမ်) ထိုးနှံပေးပြီးသော အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန် ထမ်းများနှင့် ပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို စဉ်ဆက်မပျက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီမှ နေ့လယ်(၁)နာရီအထိ ဆေးထိုးစုရပ် (၃)နေရာခွဲ၍ သတ်မှတ်ရက်များအတွင်း ဦးတည်အုပ်စု(၁၂)စုမှ ဦးစားပေးအလိုက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးကော်မတီထံမှ သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ မြို့ခရိုင်/နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ ၊မြို့နယ်ရဲ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း များပူးပေါင်းပြီး မုံရွာမြို့ တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံခန်းမတွင် (၂၁၈) ဦးနှင့် ဖူဆယ်ခန်းမတွင် (၁၁၉)ဦး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် (၂၄၆)ဦး  ၊ စသည့်သတ်မှတ် ဆေးထိုးနေရာ(၃)ခုတွင် စုစုပေါင်းပြည်သူ (၅၈၃)ဦးတို့အား     ကိုယ်အပူချိန်တိုင်းတာခြင်းက၊ သွေးပေါင်ချိန်တိုင်း တာခြင်း၊ အောက်ဆီဂျင်တိုင်းတာစစ်ဆေးခြင်းနှင့် ကျန်းမာရေးရောဂါ ရှိ/မရှိစစ်ဆေးခြင်းနှင့်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများစနစ်တကျ ထိုးနှံပေးခြင်းများအား ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

 

 ခရိုင်(ပြန်/ဆက်)