အမြို့မြို့အနယ်နယ်သတင်းများ

Mar 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများသည် အ.ထ.က(၁) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ တတိယ နေ့ရက်ဖြစ်သော သင်္ချာဘာသာရပ်ဖြေဆိုမည့်နေ့တွင် ကျောင်းသား/ ကျောင်းသူ များအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Mar 13,2020
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့၊နံနက်(၉:၀၀)နာရီ အချိန်က အဆိုပါ သင်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ)မှ ဗိုလ်မှူးကြီး အောင်ကိုဝင်း က သင်တန်းဆင်း အမှာစကားပြောကြားခဲ့ရာ အဆင့်မြင့် စက်ချုပ်ပညာရပ် တွေဟာ မြန်မာအမျိုးသမီးတစ်ဦးအနေဖြင့် မဖြစ်မနေသင်ထား၊ တတ်ထားသင့်သော ပညာရပ်တွေဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် မိမိတို့တတ်မြောက်ပြီးသည့် ပညာရပ် တွေကို ဆက်လက်လေ့လာပြီး မှန်ကန်သော အသက်မွေးဝမ်းကျောင်းများဖြင့် ဘဝရပ်တည် နိုင်ရေး ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။
Mar 13,2020
နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၊ ချင်းပြည်နယ် ရုံးကွပ်ကဲမှုအောက်ရှိ ဟားခါးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ် သင်တန်းအမှတ်စဉ်(၁/၂၀၂၀)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ သင်တန်း ကျောင်းခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် က တက်ရောက် အမှာစကားပြောကြားသည်။
Mar 13,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ပူပေါင်းပြီး ကျေးလက်နေ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားရေးတို့အတွက် ယမန်နေ့ နံနက် ၉ နာရီအချိန် က မြဝတီမြို့နယ် ထီးချားလားကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
Mar 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)(Village Development Project) ရန်ပုံငွေကျပ် သိန်း၁၀၀စီဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျေးရွာ ၁၆ရွာသို့ ရန်ပုံငွေ များ လွဲပြောင်း ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့သည်။
Mar 13,2020
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်အတွက် အမှတ်(၂) ရပ်ကွက် အခြေခံပညာ မူလတန်းကျောင်းတွင် လာရောက်တည်းခိုနေထိုင်သည့် မိုင်းစိတ်ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများ သောက်သုံးရေ အဆင်ပြေ စေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနက အဝီစိတွင်းရေများကို ယမန်နေ့ညနေပိုင်းက သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Mar 13,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ မြို့တော်ခန်းမ၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဘောလုံးဒိုင်လူကြီးသင်တန်း (၁/၂၀၂၀) ကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်ထိ (၇) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
Mar 13,2020
ရှမ်းပြည်နည် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးရွာငါးရွာကို စိမ့်စမ်းရေ သွယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့နံနက် ၁၀ နာရီက နမ့်ပန်ကျေးရွာအုပ်စု၊ နန်းဝိုးထောင် ကျေးရွာ၌ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။