ချောင်းကြီးရပ်ကွက်၊ လမ်းများတွင် ကိုဗစ်ရောဂါပိုးထိစပ်သူ(၉၅)ဦးအား ကိုဗစ်-၁၉ရောဂါကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်ရေး RDT Test-Kit ဖြင့် ကွင်းဆင်းစစ်ဆေးပေး

 

တနင်္သာရီ စက်တင်တာလ ၁၂

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက်အတွင်း ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိမှုများနေသဖြင့် စက်တင်ဘာလ(၄)ရက်မှစ၍ Lock Down ချထားပြီးစောင့်ကြပ်ကြည့်ရှု ပေးနေသော ရွှေလိပ်ပြာလမ်း၊ တိုးချဲ့(၂)လမ်းနှင့်တိုးချဲ့(၃)/(၄)/(၅)လမ်းတို့အတွင်းမှ ကိုဗစ်ရောဂါ အတည်ပြုလူနာနှင့်ထိပ်စပ် သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ လက္ခဏာမပြဘဲ သာမန်လူများ ကဲ့သို့ သွားလာလှုပ်ရှားနေခြင်းဖြင့် အခြားသူများထံ ရောဂါပိုးဆက်လက်ပြန့်ပွား ကူးစက်နိုင် သဖြင့် ရောဂါပိုးရှိနေသူများအား စစ်ဆေးဖော်ထုတ်ပြီး ရောဂါကွင်းဆက်ဖြတ် တောက်နိုင်ရေး အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အစီအမံဖြင့် လူ(၉၅)ဦးအား ကိုဗစ်ရောဂါပိုးရှိ/မရှိ RDT Test-Kit ဖြင့် စစ်ဆေးပေးခြင်းအား ယနေ့ နံနက်၁၀နာရီမှ၁၂နာရီအထိ ကျန်းမာရေး ဆရာမများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါလမ်း(၅)လမ်းအတွင်းမှ ရောဂါပိုးထိစပ်သူ(၉၅)ဦးအား ယင်းကဲ့သို့ RDT Test-Kit ဖြင့် စစ်ဆေးပေးရာတွင် ရွှေလိပ်ပြာလမ်းမှ (၂)ဦး၊ တိုးချဲ့(၂)လမ်းမှ(၁)ဦး၊ တိုးချဲ့(၃)လမ်းမှ(၁) ဦးနှင့်တိုးချဲ့(၄)လမ်းထဲမှ(၁)ဦး စုစုပေါင်း(၅)ဦးတို့တွင် ရောဂါပိုးအတည်ပြုတွေ့ရှိရသဖြင့် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း၏လမ်းညွှန်မှုအရ ပိုးတွေ့ထိစပ် သံသယလူနာ သယ်ယူပို့ဆောင်ရေးအဖွဲ့၏ မော်တော်ယာဉ်အကူအညီဖြင့် အထက-တနင်္သာရီ Positive Crntre သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ RDT Test-Kit ဖြင့် စစ်ဆေးပေးနေရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦး စီးဌာနမှူး မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းတို့က ကြည့်ရှုအားပေးကြပြီး ချောင်းကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းနှင့်ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ပရဟိတတလူငယ်များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြကြောင်း သိရှိရသည်။ 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)