တပ်ကုန်းမြို့၌  ရဟန်း၊ သာမဏေများ၊ သာသနာ့အနွယ်ဝင်သီလရှင်များနှင့် ဘိုးဘွားရိပ်သာတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်

တပ်ကုန်း      စက်တင်ဘာ    ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ မြို့မသီဟနာဒကျောင်း တိုက်၊ ပဏ္ဍိတရာမကျောင်းတိုက်၊ မင်္ဂလာကန်ဦးကျောင်း၊  သိင်္ဂီရတနာသီလရှင်ကျောင်းတိုက်၊ ဓမ္မဇေရုံသီလရှင်ကျောင်းနှင့် ဘိုးဘွားရိပ်သာတို့မှ ရဟန်း၊သာမဏေများ၊ သာသာနာ့အနွယ်ဝင် သီလရှင်များနှင့် အဘိုး၊ အဘွားများအား    ယနေ့ မွန်းလွဲ  ၁ နာရီက  ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးပေးရာတွင်   မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးအဖွဲ့၊ တပ်ကုန်း တပ်နယ်မှ ဆေးအဖွဲ့တို့က မြို့မသီဟနာဒကျောင်းတိုက်မှ ရဟန်း(၁၀)ပါး၊သာမဏေ (၁၄)ပါး၊ ပဏ္ဍိတရာမကျောင်းတိုက်မှ ရဟန်း(၁၃)ပါး၊သာမဏေ(၅)ပါးနှင့်လူ(၂)ဦး၊ မင်္ဂလာကန်ဦး ကျောင်းမှ ရဟန်း(၁)ပါး၊ သိင်္ဂီရတနာသီလရှင်ကျောင်းတိုက်မှ သီလရှင်(၂၄)ပါးနှင့်လူ(၂)ဦး၊ ဓမ္မဇေရုံသီလရှင် ကျောင်းမှ သီလရှင်(၃)ပါးနှင့်လူ(၂)ဦး၊ ဘိုးဘွားရိပ်သာမှ အဘိုး(၄)ဦး၊ အဘွား(၇)ဦးနှင့်လူ(၃)ဦး တို့ကို RDT  Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ပေးခဲ့ရာ  ရဟန်းများ၊ သာမဏေများ၊ သီလရှင်များ၊ အဘိုး၊အဘွားများနှင့် လူပုဂ္ဂိုလ်များတွင် ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။

အဆိုပါစစ်ဆေးပေးရာနေရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်သာသနာ ရေးဦးစီးဌာနမှ တာဝန်ရှိသူများက  လိုအပ်သည်များကို  ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်