နောင်တရား စက်တင်ဘာလ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ် ကျေးရွာ အုပ်စု၊ အ.လ.က ဆည်ခေါင်းကျောင်း၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့အထိကာကွယ်ဆေးထိုးနှံပြီးသူ (၁၀၅၈)ဦး ထိုးနှံပြီးဖြစ်သည်။
သံဃာတော်များ၊ အသက် ၆၅ နှစ် အထက် သက်ကြီးရွယ်အိုများ၊ ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်း ပရဟိတအဖွဲ့များ၊ ဒေသခံပြည်သူများကို ပထမအကြိမ်၌ ဦးစားပေးအစီအစဉ် ဖြင့် ထိုးနှံပေးလျက်ရှိပြီး လူဦးရေ (၁၂၀၀)ခန့် ထိုးနှံပေးနိုင်ခဲ့သည်။ စက်တင်ဘာလ ၇၊ ၁၀၊ ၁၁ ရက်နေ့အထိ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူများ ဒုတိယအကြိမ် ပြန်လည်ထိုးနှံ ပေးလျက်ရှိပြီး ယနေ့အထိ (၁၀၅၈)ဦးကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး (၁၄၂)ဦး ကျန်ရှိနေ သးသည်။ ကျန်ရှိနေသည့်ကာကွယ်ဆေးထိုးနှံမည့် ပြည်သူများကို ရာနှုန်းပြည့်ဆက်လက် ထိုးနှံပေးသွားမည်ဟုသိရသည်။
နောင်တရား(ပြန်/ဆက်)