ဆားလင်းကြီးမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ         

ဆားလင်းကြီး စက်တင်ဘာ  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ OSS ခန်းမနှင့် ဆားလင်းကြီး(အ.ထ.က)ရှိ ပန်းမြတ်သဇင်ခန်းမ၌ ယနေ့ နံနက် ၈ နာရီအချိန်က စတင်၍ ရပ်ကွက်နှင့်ကျေးရွာများမှ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခဲ့သော အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးစာပေးအုပ်စုအလိုက် သတ်မှတ်ထားရှိသူများအား မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။

ဆားလင်းကြီးမြို့နယ်အတွင်း ဩဂုတ်လအတွင်းက ပထမအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခဲ့သူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဦးစားပေးအုပ်စုများ အလိုက် အသက်(၆၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွား(၁၈၂၆)ဦး၊ ရဟန်သံဃာတော်များနှင့် သီလရှင် (၁၉၂)ဦး၊  နိုင်ငံဝန်ထမ်း(၆၁)ဦး၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံဝန်ထမ်း(၃၀၄)ဦး၊  ပရဟိတ စေတနာ့ ဝန်ထမ်း Volunteer (၅၉၇)ဦး၊ Super Marketနှင့်စျေးများမှ အများပြည်သူ(၇၆၉)ဦး စုစုပေါင်း (၃၁၀၂)ဦးတို့အား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းကို နှင့်အဖွဲ့ဝင်များက နေ့စဉ်ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်  စေတနာ့ဝန်ထမ်း Volunteerများက ဝိုင်းဝန်းကူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဥမ္မာခိုင်