အမြို့မြို့အနယ်နယ်သတင်းများ

Feb 25,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့နယ်ကုသရေးဦးစီးဌာမှ ဝန်ထမ်းများတို့က (Novel Corona Virus) ကြိုတင်ကာကွယ်​​ရေး လုပ်ငန်းအဖြစ် ခရီးသည်ကားများနှင့် ကုန်တင်ယာဉ်များတွင် လိုက်ပါလာသော ခရီးသည်များတို့ကို ကျန်းမာရေးစစ်ဆေးခြင်းများ ဆက်လက်ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
Feb 25,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော်‌ ဆောင်ရွက်လျက်ရှိရာ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်းဆုံးကျေးရွာဖြစ်သည့် ပန်တိန်းကျေးရွာအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီခွဲက ပန်တိန်းကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့သည်။
Feb 25,2020
မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ကုလသမဂ္ဂအဖွဲ့ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်းကာ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲခြင်း (ဒုတိယအကြိမ်) အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Feb 25,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက် အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၁၁) နာရီက မယ်ဆည်နမ်ကျေးရွာခန်းမဆောင်၌ ကျင်းပခဲ့သည်။
Feb 25,2020
ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် တစ်ပိုင်တစ်နိုင် အသက်မွေး ဝမ်းကျောင်းပြုနိုင်ရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ရပ်ရွာအခြေပြု စက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက နမ့်ယွန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့တွင် နေထိုင်ကြသည့် အသက်(၇၅)နှစ် အထက်ရှိ သက်ကြီးရွယ်အိုစုစုပေါင်း(၃၆၈)ဦးကို ကွတ်ခိုင်မြို့၊ အမှတ်(၂)မဲဆန္ဒနယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ယမန်နေ့ နံနက်(၁၀)နာရီတွင် လှူဖွယ်ပစ္စည်းများ ထောက်ပံ့ လှူဒါန်းခဲ့သည်။
Feb 25,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် Fort White တောင်ဇလပ်ချစ်သူများအသင်းမှ "တောင်ဇလပ်ပန်းများမခူးဘဲ ထိန်းသိမ်းကာကွယ်တန်ဖိုးထား" အသိပညာပေး စတစ်ကာ ဖြန့်ဝေခြင်း နှစ်ရက်တာ လှုပ်ရှားမှုကို ယမန်နေ့မှ စတင်၍ ကနေဒီတောင် Fort White၊ Thangmual လမ်းခွဲတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။