Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၇)ဦး ထပ်မံစစ်ဆေးတွေ့ရှိ၊ စုစုပေါင်း (၃၃၆)ဦးရှိလာ
Sep 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာ(၇)ဦး အား ယနေ့တွင် ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့နယ်တွင် ကျေးလက်ရေရရှိရေးထပ်မံဆောင်ရွက်သည့်လုပ်ငန်း ပြီးစီးအောင်မြင်ရေး ကြီးကြပ်ဆောင်ရွက်
Sep 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ မြိုင်ဇေယျာကျေးရွာတွင် သောက်သုံးရေရရှိရေး စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းမှ လက်တူးတွင်းမှတဆင့် ရွာတွင်းသောက်သုံးရေဖြန့်ဝေ သည့်စနစ်သို့ ပြောင်းလဲဆောင်ရွက်သည့်လုပ်ငန်း အချိန်မီပြီးစီးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ယနေ့နံနက် ၁၀နာရီအချိန်၌ ကွင်းဆင်းကြီး ကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်တွင် ၁၁ ကေဗွီဓါတ်အားလိုင်း ကြံ့ခိုင်ကောင်းမွန်ရေး သစ်ပင်သစ်ကိုင်းများခုတ် ထွင်ရှင်းလင်း
Sep 12,2021
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ လျှပ်စစ်ဓါတ်အားသုံးစွဲကြသည့် ပြည်သူများအနေဖြင့် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုအကြိမ်ရေလျော့နည်းရေး၊ လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး၊ ယူနစ်ပျောက်ဆုံးမှု လျော့နည်းရေး၊ ဓါတ်အားလိုင်းကြံ့ ခိုင်ကောင်း မွန်ရေးနှင့် အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ငဖဲ)၏ ထုတ်လုပ်မှုလုပ်ငန်းများ ထိခိုက်မှုမရှိ စေရေးတို့ကို ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ဓါတ်အားများ ခေတ္တဖြတ်တောက်ကာ ငဖဲမြို့နယ် လျှပ်စစ်မှူးရုံးမှ မြို့နယ်မန်နေဂျာ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ၁၁ ကေဗွီဓါတ်အားလိုင်းကြံ့ခိုင်ကောင်းမွန်ရေး သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုမျာကြောင့် မြစ်သာမြစ်(ပြင်သာ) ရေအနည်းငယ် မြင့်တက်
Sep 12,2021
စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် မိုးရွာသွန်းမှုများကြောင့် ၂၄ နာရီအတွင်း တိုင်းထွာချက်အရ မိုးရေချိန် ၀.၇၅ လက်မဖြစ်ပြီး ယနေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ မြစ်သာမြစ် (ပြင်သာ)ရေသည် ၁၃၉ စင်တီမီတာ(၄.၆ပေ) မြင့်တက်ခဲ့ ကြောင်းကလေးမြို့ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စုအတွင်းရှိ အခက်အခဲရှိသော အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်များ လှူဒါန်းပေး
Sep 12,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ၊နမ့်လန်ကျေးရွာတွင် ဖြူစင်နှလုံးသား လူမှုကူညီရေးအသင်း(နမ့်လန်)နှင့် စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းသည့် အခြေခံစားသောက်ကုန် ပစ္စည်း(၈)မျိုးကို ကိုဗစ်-၁၉ ကာလ အခက်အခဲရှိသော ရပ်ကွက် ၊ ကျေးရွာအတွင်းရှိ အိမ်ထောင်စုများအား စက်တင်ဘာလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့က ရပ်ကွက်၊ ကျေးရွာများအရောက် အဆိုပါအသင်းမှ သွားရောက်လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်ရေးဆောင်ရွက်
Sep 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် ကိုဗစ်-၁၉ရောကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင် ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၁ နာရီခွဲက မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မြို့ပေါ်ရပ် ကွက်များနှင့် ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန် ဘုန်းတော် ကြီးကျောင်းများရှိ သံဃာတော်များနှင့် ကိုရင်များအား RDT Test Kit ဖြင့် အခမဲ့စ…
Sep 12,2021
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများ ပုလဲမြို့နယ် အတွင်းရှိ ဒေသခံတောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုများ ထ…
Sep 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲရတနာခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှဒေသခံတောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25582
Page
25583
Page
25584
Page
25585
Current page
25586
Page
25587
Page
25588
Page
25589
Page
25590
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department