အမြို့မြို့အနယ်နယ်သတင်းများ

Sep 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင် ၊ပြင်စလူ မြို့တွင်  ရပ်ကွက်နှင့်ကျေးရွာများ အတွင်း ကိုဗစ် -၁၉ ရောဂါကာကွယ်ရေး နည်းလမ်း များကို  မိဘပြည်သူများ သိရှိ လိုက်နာဆောင်ရွက် နိုင်ရေးအတွက် အသိ ပညာပေးနှိုးဆော် ကြေညာ ပေးခြင်းကို ယနေ့  နံနက် (၈) နာရီ မှစ၍ ပြင်စလူမြို့၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန် ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန ၊ ဦးစီးမှူး ဦးဇော်ဝင်းထွန်းနှင့် ဝန်ထမ်း များက ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေး နည်းလမ်းများအား  Sound Box  စက်ဖြင့်  လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရ သည်။
Sep 12,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် ယနေ့ နံနက် ၇ နာရီအချိန်ရပ်ကွက်များ၊ စျေးများ အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပေး နှိုးဆော်ချက်များအား ရပ်ကွက်များအတွင်း လှည့်လည် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
Sep 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို "ရှေးဦးပြုစု  သူရဲကောင်းများ ကျောင်းနှင့်ရပ်ရွာမှ မွေးထုပ်ထား'' ဆောင်ပုဒ်ဖြင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ယမန်နေ့ နေ့လယ် (၁၂)နာရီမှ  ညနေ (၄)နာရီအချိန်ထိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
Sep 12,2021
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်ကာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ လဲရှောင်ရွာ၊ သံကိုင်းကျောင်းတိုက်ရှိ သံဃာတော်များနှင် လဲရှောင်ရွာ လူပုဂ္ဂိုလ်တို့အား Mobile Test Kit Team အဖွဲ့က RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကွင်းဆင်းစစ်ဆေး ပေးခဲ့ကြောင်း သိရသည်။
Sep 12,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နှင့် ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများ ထိုးနှံပေးလျှက်ရှိရာ ယနေ့ထိ ၁၅၆၅ ဦး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာန၊ ဦးဝင်းအောင် (ဒုတိယညွှန်ကြားရေးမှူး)ပုဂံရုံးခွဲထံကသိရသည်။
Sep 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆွမ်းဆန်၊ ဆီနှင့် ကုလားပဲ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၈)နာရီက သဗ္ဗညု ဘုန်းတော်ကြီးကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့် အညီကျင်းပခဲ့ကြောင်း သိရသည်။
Sep 12,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ထိခိုက်ဒဏ်ရာရ ရှေးဦးပြုစုခြင်း လက်တွေ့ လေ့ကျင့်ခြင်းများကို ယနေ့ နံနက်ပိုင်းက သီပေါမြို့ရွှေကျောင်း ပဋိပတ္တိသာ့သနာ့ ရိပ်သာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Sep 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မိုင်းတုံမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စင်တာများသို့ အားဖြည့်အစား အစာများထောက်ပံ့လှူဒါန်းပေးခြင်းကို ယနေ့နံနက် (၈)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။