Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်ဆည်မြို့နယ် ဒွေးလှကျေးရွာတွင် ရေဆင်းစပ်မျိုး (၁) မိုးနှောင်းနေကြာ စံကွက်စိုက်ပျိုးရန် မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Oct 20,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စားသုံးဆီ ဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဒွေးလှကျေးရွာသမဝါယမအသင်းသား ဦးနေဝင်း၏ ကွင်းအမှတ် (၃၃၇)၊ ဦးပိုင် (၁၄၅)၊ ယာမြေ (၂) ဧကတွင် ရေဆင်းစပ်မျိုး (၁) မိုးနှောင်းနေကြာစံကွက် စိုက်ပျိုးရန် မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရား၏ (၁၃၅) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်၊ ဆွမ်းသပိတ်လောင်လှူပွဲနှင့် ရေစက်ချပွဲကျင်းပ
Oct 20,2024
မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား၏ (၁၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ဆွမ်းသပိတ်လောင်လှူပွဲနှင့် ရေစက်ချပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေရှိ အဆိုပါဘုရားရင်ပြင်တော်တွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျေက်တံတားမြို့နယ်၌ သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲနှင့် နှစ်ပတ်လည်အစည်းအဝေး ပြုလုပ်
Oct 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် စာရေးဆရာများအသင်းက ကြီးမှူးကျင်းပသည့် သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲနှင့် နှစ်ပတ်လည်အစည်းအဝေးကို ဗိုလ်အောင်ကျော်လမ်း၊ ဓမ္မာရုံ၌ ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် ဇလွန်မြို့နယ်နှင့် ဟင်္သာတမြို့နယ်အတွင်း၌ မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေး
Oct 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်နှင့် ဟင်္သာတမြို့နယ်အတွင်း၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့တွင် သံဃာအပါး (၁၃၀၀) ကျော်အား မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Oct 20,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၃) ရက်၊ ယနေ့နံနက်(၆) နာရီခွဲအချိန်တွင် လဲချားမြို့ မဟာမြတ်မုနိဘုရားကြီးရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် ကမ္ဘာလုံးကျောင်းတိုက်အတွင်း (၂၆) ကြိမ်မြောက်၊ စတုဒိတာကျွေးမွေးလှူဒါန်းခြင်းနှင့် မြန်မာ့ရိုးရာခြင်းလုံး အလှခတ်ဖျော်ဖြေပွဲ ကျင်းပ
Oct 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကမ္ဘာလုံးရိပ်သာကျောင်းတိုက်ဆရာတော် သာသနာဓဇဓမ္မာစရိယ၊ အသောကာရာမိကသာသနပါလဓမ္မာစရိယ အရှင်တေဇာနန္ဒ ဦးစီးကျင်းပသော (၂၆) ကြိမ်မြောက်၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းနှင့် မြန်မာ့ရိုးရာခြင်းအလှခတ်ဖျော်ဖြေပွဲကို ယမန်နေ့ညနေပိုင်းက အဆိုပါကျောင်းတိုက်အတွင်း ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ ပျက်စီးသွားတံတားတစ်စင်းအား ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင် ဆောင်ရွက်
Oct 20,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ လဆန်းပိုင်းက မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နမ့်ယွမ်းချောင်းရေမြင့်တက်ပြီး ရေကြီးရေလျှံမှုဖြစ်ကာ ရပ်ကွက်များအတွင်းရှိ မြေနှိမ့်ပိုင်းနေအိမ်အချို့တွင် ရေများဝင်ရောက်ခဲ့ရာ ကူညီကယ်ဆယ်ရေးများ ပြုလုပ်ခဲ့ရပြီး ကွန်ကျိုင်းရပ်ကွက်နှင့် ကွန်ဆင်ကျေးရွာ ဆက်သွယ်ထားသော တံတားသည်လည်း ရေထဲမျောပါခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင် ကွန်ကျိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဝါကျွတ်ကန်တော့ပွဲများ ကျင်းပ
Oct 20,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများအားလုံးကို ရပ်ကွက်/ ကျေးရွာများမှ စုပေါင်း၍ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ စတင်ပြီး သီတင်းကျွတ်လကွယ်နေ့အထိ တစ်ကျောင်းပြီးတစ်ကျောင်း ရပ်ကွက်/ ကျေးရွာများအလိုက် ဘုန်းကြီးကျောင်းများအား လိုက်လံကန်တော့သည့် အစဉ်အလာသည် ယနေ့အထိ ရှမ်းရိုးရာဓလေ့မပျက် လှည့်လည်ကန်တော့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2552
Page
2553
Page
2554
Page
2555
Current page
2556
Page
2557
Page
2558
Page
2559
Page
2560
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department