လားရှိုး အောက်တိုဘာ ၂၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ မြန်မာစီးပွားရေးဘဏ်၌ ပင်စင်လစာ လာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးမှုနှင့် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံပိုင်းက စတင်ကာ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပင်စင်လစာလာရောက်ထုတ်ယူသည့် ပင်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများက ပင်စင်လစာများစနစ်တကျထုတ်ပေးခြင်း၊ ခုတင် (၅၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးမှ ဝန်ထမ်းများက အခမဲ့ ကျန်းမာရေးစောင့်ရှောက်ကုသမှုဆောင်ရွက်ပေးခြင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ သက်သာချောင်ချိစေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနက ကြီးကြပ်၍ လားရှိုးမြို့နယ်ဆန်စပါးကုန်သည်များအသင်းအနေဖြင့် ပြင်ပပေါက်ဈေးထက် သက်သာ သောနှုန်းထားဖြင့် ဧည့်မထဆန် တစ်ပြည်လျှင် ငွေကျပ် ၃၅၀၀ကျပ်နှုန်း၊ ဆားသုံးဆီတစ်ပိဿာလျှင် ငွေကျပ် ၈၅၁၃ ကျပ်နှုန်းဖြင့် စနစ်တကျ ရောင်းချဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)