သံတောင်ကြီး အောက်တိုဘာ ၂၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင်ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ကျောင်းသူ၊ ကျောင်းသားများအား ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲပြုလုပ်ပေးခြင်းဖြင့် မိမိတို့၏တိုင်းရင်းသားဘာသာစကားကိုတန်ဖိုးထားတတ်စေရန်၊ ဉာဏ်ပညာစွမ်းရည်အတွေးအခေါ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထများရှိစေရန်အတွက် ပြုလုပ်ပေးခြင်းဖြစ်ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသူ၊ ကျောင်းသား (၉) ဦး၊ စကောကရင်ဘာသာ ကဗျာရွတ်ပြိုင်ပွဲတွင် ကျောင်းသူ၊ ကျောင်း သား (၁၀) ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိနော်လော်မူနှင့်ဝန်ထမ်းများက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်နော်မူ