ရေဖြူ အောက်တိုဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဂန်ဂေါ်တောင်ရွာ၊ ဓမ္မပါလကျောင်းတိုက်တွင် အောက်တိုဘာ ၁၉ ရက်နံနက်က တနင်္ဂနွေနေ့ ဓမ္မစကူးလ်သင်တန်းများ ပို့ချနေကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဂန့်ဂေါ်တောင်ရွာ၊ ဓမ္မပါလကျောင်းတိုက်ဆရာတော် အရှင်ဣန္ဒစရိယက ဦးဆောင်၍ ဓမ္မစကူးလ်ဆရာမများက ပို့ချလျက်ရှိရာ သင်တန်းသား ကျောင်းသား၊ ကျောင်းသူ (၃၀၀)ကျော် တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါဂန့်ဂေါ်တောင်ကျေးရွာသည် အိမ်ခြေနည်းပါးသော ရွာငယ်ဖြစ်သော်လည်း ကံပေါက် ရွာကြီးနှင့်နီးသောကြောင့် တက်ရောက်သူများကာ နှစ်စဉ်အစဉ်အလာမပျက် တနင်္ဂနွေနေ့တိုင်း ဓမ္မစကူးလ်သင်ခန်းစာများကို ပို့ချပေးကာ ကလေးများအား အာဟာရအလှူရှင်များကလည်း ကျွေးမွေးလှူဒါန်းလျက်ရှိကြောင်းသိရသည်။
ခတ္တာ