Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၅/၂၀၂၅)ကျင်းပ
Oct 22,2025
ကယားပြည်နယ်အတွင်း စီမံကိန်းရည်မှန်းချက်တာဝန်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တို ဘာ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့၌ လယ်စပါးစံကွက် ရိတ်သိမ်း
Oct 22,2025
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်တုံအုပ်စုရှိ ကွင်းအမှတ် (၁)၊ ဦးပိုင် (၇၂) တောင်သူ ဦးစိုင်းမတ်၏လယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးအေးဇင်သိန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးအောင်နိုင်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးညှိနှိုင်းးမှုကော်မတီများနှင့် ကျေးရွာ ကော်မတီများမှ ကြည့်ရူ့အားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းဝေး တက်ရောက်
Oct 22,2025
နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ခဲ့သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ မင်္ဂလာခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၈)သင်တန်းဖွင့်ပွဲပြုလုပ်
Oct 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ အမှတ်(၁)အရာခံနှင့် အကြပ်ကြီးသင်တန်းကျောင်းစစ်ရေးပြကွင်း၌ အောက်တိုဘာ ၂၁ ရက် နံနက် ၈ နာရီက ပြည်သူ့စစ်မှု ထမ်းသင်တန်းအမှတ်စဉ် (၁၈)သင်တန်း ဖွင့်ပွဲပြုလုပ်ခဲ့ရာရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးနေဝင်းအောင်၊ အမှတ်(၁)အရာခံနှင့် အကြပ်ကြီး သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်ကျော်သူလှိုင်နှင့် တပ်မတော်အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများတက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ စာပေဟောပြောပွဲကျင်းပ
Oct 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ စာပေဟောပြောပွဲအခမ်းအနားကို အောက်တိုဘာ ၂၁ ရက်နေ့ နံနက် (၁၀)နာရီက မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖောင်းပြင်မြို့တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ
Oct 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းအခမ်းအနားကို အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်၌ မဲဆန္ဒရှင်စာရင်းအပါအဝင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး တာဝန်ရှိသူများနှင့်တွေ့ဆုံ၊ မဲဆန္ဒရှင်စာရင်းလာ…
Oct 22,2025
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်အတွင်း မဲစာရင်းအပါအဝင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လယ်ဝေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၂၀ ရက်နေ့မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်တောမြို့နယ်ရုံးတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်
Oct 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာ အထက် တန်းကျောင်း (အင်တော)၊ တကောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2550
Page
2551
Page
2552
Page
2553
Current page
2554
Page
2555
Page
2556
Page
2557
Page
2558
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department