ဒေါပုံ အောက်တိုဘာ ၂၁
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏မဲစာရင်းများကို ပထမအကြိမ် ရပ်ကွက်များအလိုက် ကပ်ထားကြေညာထားရာ နေ့စဉ်နံနက် ၇ နာရီမှ ည ၉ နာရီအချိန်အထိ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် ရပ်ကွက်ပေါင်း ၁၄ ရပ်ကွက်အတွင်းရှိ ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် မဲဆန္ဒရှင်ပြည်သူများစာရင်းများကို စက်တင်ဘာ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် ကြေညာထားမည်ဖြစ်ရာ လာရောက်ကြည့်ရှုနိုင်ရေး နေ့စဉ်နှိုးဆော်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
အဆိုပါပထမအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိအမည်မပါဝင်ပါကပုံစံ(၃)ဖြင့်လည်းကောင်း၊ ကန့်ကွက်လိုလျှင် ပုံစံ(၄)ဖြင့်လည်းကောင်း၊ အချက်အအလက်များ မှားယွင်းနေလျှင်ပုံစံ(၄ဂ)ဖြင့်လည်းကောင်း၊ လျှောက်ထားနိုင်ကြောင်းနှင့် လိုအပ်သည်မျာကိုလည်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးထက်နှင့်အဖွဲ့၀င်များနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့၀င်များက လှည့်လည်ကြည့်ရှုကာ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ