ကျောက်ဆည် စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဦးဆောင်မှုဖြင့် ရပ်ကွက်/ကျေးရွာများတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လိုက်နာ ဆောင်ရွက်ရမည့်အချက်များ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက် (၁၀) နာရီခွဲအချိန်က သင်ပုတ်ကျေးရွာအုပ်စု၊ တံတားဦးလေးကျေးရွာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ တံတားဦးလေးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာလူမှုရေး အသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ကျေးရွာအတွင်းလှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် နေအိမ်တွင်သာနေထိုင်ကြရန်၊ ပြင်ပမှလာသောဧည့်သည်များ လက်မခံရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ် တကျတပ်ဆင်ရန်၊ ၊လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုယ်တွယ် ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ကြရန်နှင့် ရောဂါပိုးကူးစက် ခံနေရ သည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနများ သို့ ဆက်သွယ်၍ စစ်ဆေးကုသမှု ခံယူကြရန်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို အမြန်ကာကွယ် တားဆီး ထိန်းချုပ် နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘ ပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် အသိပညာပေး နှိုးဆော်ခြင်းများကို တံတားဦးလေးကျေးရွာအတွင်း လှည့်လည် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ(၆၆၃)ဦး၊ ရောဂါသက်သာ ပျောက်ကင်း၍ ပြန်လည် ကျန်းမာလာသူ(၅၅၈)ဦး၊ သေဆုံးသူ(၉၅)ဦး၊ ဆေးဝါးကုသမှုခံယူနေသူ(၁၀)ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေး မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှု ဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး နည်းလမ်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ရပ်ကွက်၊ကျေးရွာအုပ်စုများတွင် ကွင်းဆင်းကာ အသိပေးနှိုးဆော်ခြင်း များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)