ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလုံးဝမထိုးရသေးသည့်ပြည်သူများအား ကာကွယ်ဆေးများဆက်လက် ထိုးနှံပေး

ပင်လုံ               စက်တင်ဘာ   ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသည့် ပြည်သူများအား ယနေ့နံနက်(၁၀:၀၀)နာရီ အချိန်မှစတင်၍ ပင်လုံမြို့ အထက()ကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (တတိယ)နေ့ ဆက်လက်ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

တတိယနေ့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ ပင်လုံမြို့ရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လုံးဝ မထိုးနှံရသေးသည့် ပြည်သူ(၆၀၀)ဦး လာရောက်၍ ကာကွယ်ဆေး ထိုးနှံကြကြောင်းနှင့် ()ရက်အတွင်း ကာကွယ်ဆေး လာရောက်ထိုးနှံသူ စုစုပေါင်း(၁၄၅၀)ဦးရှိပြီး အဆိုပါကာကွယ် ဆေးထိုးနှံရာနေရာသို့ ပင်လုံမြို့ အုပ်ချုပ်ရေးမှူး ဉီးမြင့်ဇော်နှင့် ဝန်ထမ်းများ  ပင်လုံမြို့ အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီမှ ဒု-ဥက္ကဌ ဦးလောယုံနှင့်အဖွဲ့၊ လွိုင်လင်မြို့နယ် ကျန်းမာရေးဌာနမှဝန်ထမ်းများ လာရောက်ကူညီဆောင်ရွက်ပေးကြကြောင်း၊ စက်တင်ဘာလ(၂၂)ရက်နေ့တွင် ဆက်လက်၍ ဆေးထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပင်လုံ ပြန်/ဆက်