မိုင်းရှူးမြို့နယ်တွင် စက်တင်ဘာ၂၁ ရက်နေ့၌ ကိုဗစ် -၁၉ရောဂါအတည်ပြု လူနာ (၅)ဦးစစ်ဆေးတွေ့ရှိ၊ ကျန်းမာရေးကောင်းမွန် လာသူ(၅)ဦး ဆေးရုံဆင်း

မိုင်းရှူး  စက်တင်ဘာ   ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးမြို့နယ်ပြည်သူ့ဆေးရုံမှ(၁၀၀)ဦး၊ လွိုင် ဆောင်ထောက် တိုက်နယ် ဆေးရုံမှ (၁၁)ဦး၊ စုစု ပေါင်း(၁၁၁)ဦးတို့ကို ယနေ့၌ ကိုဗစ်- ၁၉ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ် ဆေးရာ အမျိုးသား(၂)ဦး နှင့်အမျိုးသမီး(၃)ဦးတို့တွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း သိရသည်။

မိုင်းရှူးမြို့၌ဇူလိုင်လ၄ရက်နေ့မှယနေ့ အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြု လူနာ(၂၀၁)ဦး၊ ဆေးရုံဆင်း သူပေါင်း(၁၆၈)ဦး၊ သေဆုံး(၄)ဦး၊ ကုသဆဲ(၂၉)ဦး၊ လွိုင်ဆောင်ထောက် တိုက်နယ်ဆေးရုံတွင် ဇူလိုင်လ (၅) ရက်နေ့မှ ယနေ့ထိ ပိုးတွေ့ အတည်ပြုလူနာ (၁၄၀)ဦး၊ ယနေ့ဆေးရုံဆင်း(၅)ဦး၊ ဆေးရုံဆင်းသူပေါင်း (၁၂၂)ဦး၊သေဆုံး(၉)ဦး၊ ကုသဆဲ(၉)ဦး၊ မိုင်းစံ တိုက်နယ်ဆေးရုံတွင် သြဂုတ်လ(၁၁) ရက်နေ့မှ ယနေ့ထိ ပိုးတွေ့ အတည်ပြုလူနာ(၅)ဦး၊ ဆေး ရုံဆင်း(၅)ဦးရှိကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်အတွင်း ဇူလိုင်လ(၄)ရက်နေ့မှ ယနေ့အထိ ပိုးတွေ့အတည်ပြု လူနာပေါင်း (၃၄၆)ဦး၊ ဆေးရုံဆင်းသူ ပေါင်း(၂၉၅)ဦး၊ သေဆုံးသူ(၁၃)ဦး၊ ကျန်ရှိသည့်အတည်ပြု လူနာ(၃၈)ဦးတို့ကို မြို့နယ်ပြည်သူ့ဆေးရုံနှင့် ပတ္တမြား ခန်းမ၊ သက်ဆိုင်ရာ တိုက်နယ်ဆေးရုံ၌ သီးသန့်ကြပ်မတ် ကုသပေးလျက်ရှိကြောင်း သိရသည််။

တောင်ပေါ်သူ(မိုင်းရှူး)