မအူပင်မြို့နယ်တွင် အသက်(၅၅)နှစ်အထက် ဘိုး/ဘွားများနှင့် နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ဆေးထိုးနှံ

မအူပင် စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အသက်(၅၅)နှစ်အထက် သက်ကြီး ဘိုး/ဘွားများနှင့်နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုလျော့ချနိုင်ပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်ကာကွယ် ဆေးထိုးခြင်း ဆောင်ရွက် လျက်ရှိသည်။

ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျှက်ရှိရာ မအူပင်မြို့တွင် အသက်(၅၅)နှစ်အထက် သက်ကြီးဘိုး/ဘွားများနှင့် နိုင်ငံဝန်ထမ်းများအား ပထမဦးစားပေးအနေဖြင့် ထိုးနှံလျက်ရှိရာယနေ့တွင်၂၇၅ဦး ခန့်ထိုးထားလျက် ရှိပြီး ဆေးလာရောက်ထိုးနှံမည့်ပြည်သူများအား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အောင်မြင့်မြတ် (မအူပင်)