ခိုလမ်မြို့၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၃)ဦးအား ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ပြု

ခိုလမ်     စက်တင်ဘာ  ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း ၊   လွိုင်လင်ခရိုင် ၊ ခိုလမ်မြို့ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌ဆေးကုသမှုခံယူနေသော ခိုလမ်မြို့ ၊ အမှတ်(၁)ရပ်ကွက် မှအသက်(၆၇)နှစ် အမျိုးသား( ၁ ) ဦး ၊ အသက်(၇၅)နှစ် အမျိုးသား ( ၁ ) ဦးနှင့် အမှတ်(၄)ရပ်ကွက်မှ အသက်(၆၅)နှစ်အရွယ် အမျိုးသား(၁)ဦး၊ စုစုပေါင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ(၃)ဦးအား ကျန်းမာရေး ကောင်းမွန်လာသဖြင့် ယမန်နေ့တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့သည်။

အဆိုပါ  ခိုလမ်မြို့အမှတ် (၁) ရပ်ကွက်နှင့် (၄) ရပ်ကွက်မှ ဆေးရုံဆင်းခွင့်ရသူ (၃)ဦးကို ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းမှ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး  ခုတင်(၁၀၀)ပြည်သူ့ဆေးရုံအုပ်ကြီးမှ Home Quarantine (၁၀)ရက် ထပ်မံနေထိုင်သွားရန် မှာကြားခဲ့ကြောင်းကို မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရှိရသည်။

နောင်ဟေးငင်း(ခိုလမ်)