ဆင်ပေါင်ဝဲ စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့ မြန်မားစီးပွားရေးဘဏ်၌ ပင်စင်စား ဝန်ထမ်းများအား ဒုတိယနေ့အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် ထုတ်ပေး လျက်ရှိသည်။
ဆင်ပေါင်ဝဲမြို့နယ် မြန်မားစီးပွားရေးဘဏ်တွင် တစ်မြို့နယ်လုံး ပင်စင်လစာငွေများ ထုတ်ပေးရမည့် ပင်စင်အငြိမ်းစား ဝန်ထမ်းစုစုပေါင်း(၇၅၁)ဦး ရှိကြောင်းသိရပြီး ပင်စင်အငြိမ်းစား ဝန်ထမ်းများ အဆင်ပြေ ချောမွေ့စွာ ထုတ်ယူနိုင်ရန်အတွက် ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များတွင် ယမန်နေ့ မှစတင်ပြီး လကုန်သည့်နေ့အထိ နေ့စဉ်နံနက် ၇ နာရီခွဲမှ မွန်းလွဲ ၂ နာရီထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မြို့နယ်အတွင်းရှိ ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအန္တရာယ် ကင်းဝေးစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တစ်ဦးချင်းစီအား ရုံးအတွင်း မဝင်မီလက်ဆေး ဘေစင်တွင် လက်ဆေးစေခြင်း၊ ပါးစပ်၊ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်စေခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်ပြီးမှသာ စနစ်တကျ ထုတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ချိုချိုဝင်း