တနင်္သာရီ စက်တင်ဘာလ ၂၂
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ မြို့နယ်အတွင်း ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှု လျော့နည်းပပျောက်စေရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်သိုက်ထွန်း၏လမ်းညွှန်ကြီးကြပ်မှုဖြင့် ကုသရေး Centre များရှိ အခမဲ့ဖျားနာ ဆေးခန်းများ၌ ဒေသခံပြင်ပလူနာများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT Test-Kit ဖြင့် ဓာတ်ခွဲ စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့က လူနာသစ်(၃၆)ဦးတွင် ရောဂါပိုးအတည်ပြုတွေ့ရှိရပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရသူ(၁၄)ဦး၊ သေဆုံးသူမရှိကြောင်း မြို့နယ်ပြည် သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သို့ပါ၍ စက်တင်ဘာလ(၂၁)ရက်နေ့အထိ တနင်္သာရီမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေး Centre ဆေးရုံ(၃) ခုနှင့် COVID-19 Positive Centre (၈)ခုအတွင်း ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိသူ လူနာဦးရေ စုစုပေါင်း (၁၅၇၇)ဦးရှိပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူဦးရေ(၁၂၉၈)ဦး၊ ပိုးတွေ့သေဆုံးသည့် လူနာပေါင်း (၂၀)ဦး၊ လက်ရှိဆေးဝါး ကုသမှုခံယူနေဆဲ ကိုဗစ်-၁၉လူနာပေါင်း(၂၅၄)ဦးရှိကြောင်း သိရသည်။
ကုသမှုခံယူဆဲ ကိုဗစ်-၁၉လူနာများမှာတနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံ Isolation Wardကြပ်မတ် အဆောင်တွင် ကိုဗစ်-၁၉ လူနာ(၂၄)ဦး၊ တကူ(စံပြ)တိုက်နယ်ဆေးရုံ Isolation Ward သီးသန့် လူနာဆောင်အတွင်း(၄၁)ဦး၊ မောတောင်တိုက်နယ်ဆေးရုံ Isolation Ward တွင်(၅)ဦး၊ အထက-တနင်္သာရီ Positive Centre ၌(၃၅)ဦး၊ အထက(ခွဲ) သာရဘွင်ရွာ Positive Centre တွင် (၄)ဦး၊ အလက(ခွဲ)သံတိုက် Positive Centre တွင်(၆၄)ဦး၊ အထက-ညောင်ပင် ကွင်းရွာ Positive Centre တွင်(၆)ဦး၊ အလက-လယ်တောင်ယာရွာ Positive Centre တွင်(၄၄)ဦးနှင့် အမက-ပဝဝါသ ရွာ Positive Centre တွင်(၃၁)ဦး စုစုပေါင်း(၂၅၄)ဦးရှိရာ သက်ဆိုင်ရာတာဝန်ခံ ဆရာဝန်များ ကြီးကြပ်မှုဖြင့် ဆေးဝါး ကုသမှုပေးနေကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)