ဂန့်ဂေါ စက်တင်ဘာ ၂၂
၂၀၂၁ ခုနှစ် စက်တင်ဘာလအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဂန့်ဂေါမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူမည့် ပင်စင်စားများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ပင်စင်လစာထုတ်ယူမှု အဆင်ပြေစေရန်အတွက် ယမန်နေ့ နံနက်ပိုင်း မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပင်စင်လစာထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ “ မနေ့ကတော့ လူဦးရေ (၃၃၀) ပင်စင်လစာ လာထုတ် ကြပါတယ်၊ နံနက် ၆ နာရီခွဲကနေ ၉ နာရီခွဲထိ လက်ခံပြီးထုတ်ပေးပါတယ်၊ ပထမပတ် အတွင်းမှာ တစ်နေ့ကို လူဦးရေ (၃၀၀) ခန့်လာထုတ်ကြပါတယ်၊ အဲဒီနောက်ပိုင်းတွင်တော့ လာထုတ်တဲ့လူဦးရေက တစ်နေ့ကို (၅၀) ဦးခန့်သာ ရှိပါတော့တယ်၊ ဂန့်ဂေါမြို့ မြန်မာ့စီးပွားရေး ဘဏ်မှ အငြိမ်းစားဝန်ထမ်းများ (၂၂၀၀)ကျော်တို့အတွက် ပင်စင်လစာငွေများ လစဉ်ထုတ်ပေး လျက်ရှိပြီး ရုံးဖွင့်ရက်များ၌ လာရောက်ထုတ်ယူနိုင်ကြောင်း အသိပေး ပန်ကြားထားပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆိုင်ရာများကိုလည်း လိုက်နာဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက် ထားတယ်” လို့ မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်စုစုမော်ထံမှ သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)