မောက်မယ် စက်တင်ဘာ ၂၆
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဆက်သွယ်ရေးတာဝါတိုင်များ လုံခြုံမှုရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့နံနက် ၁၀ နာရီက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ လိုက်လံစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များတို့က မြို့နယ်အတွင်းရှိ ဆက်သွယ်ရေး တာဝါတိုင်များဖြစ်သော MPT ၊ Telenor ၊ Ooredoo ၊ Mytel စုစုပေါင်း ဆက်သွယ်ရေး တာဝါတိုင် (၉)တိုင်တို့၏ လုံခြုံရေးများ လိုက်လံ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)