ကာလိ စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့တိုက်နယ်ဆေးရုံ၌ ယမန်နေ့ မွန်းလွဲပိုင်း(၃) နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ (၂)ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း သိရသည်။
ကာလိမြို့၊ အမှတ်(၄)ရပ်ကွက်တွင် အသက်(၇၃)နှစ် အမျိုးသားသည် ချောင်းဆိုးပြီး ဖျားနေသောကြောင့် ကာလိမြို့ တိုက်နယ်ဆေးရုံသို့ သွားရောက်၍ စမ်းသပ်စစ်ဆေးမှုခံယူခဲ့ရာ Test Kit ဖြင့် ထပ်မံစစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း သိရပြီး ၎င်းနှင့် ထိတွေ့ဆက်စပ်ခဲ့သည့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း(၂)ဦး တို့အား ထပ်မံစစ်ဆေးခဲ့ရာ အသက်(၇၂)နှစ် အမျိုးသမီးသည် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်အမျိုးသား(၁)ဦးအား စစ်ဆေးမှု မတွေ့ရှိ(မတွေ့ရှိ)ကြောင်း သိရသည်။
အဆိုပါ Positive လူနာ(၂)ဦးအား ကာလိမြို့ တိုက်နယ်ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိပြီး Negative (၁)ဦးအား မိမိ၏ နေအိမ်၌ Stay at Home နေထိုင်စေပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ လိုက်နာနေထိုင်စေရန် သက်ဆိုင်ရာ တာဝန်ရှိသူများတို့က ကြပ်မတ် ဆောင်ရွက်ပေးခဲ့ပြီး ယနေ့အထိ ကာလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာစုစုပေါင်း (၂၃) ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၅) ဦး၊ သေဆုံးသူ (၁) ဦး၊ ဆေးကုသမှုခံယူနေသူ (၁၇) ဦးရှိကြောင်း မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီထံမှ သိရသည်။
နန်းဆေး