ရွှေပြည်သာမြို့နယ် ကိုဗစ်-၁၉ ‌ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

‌ရွှေပြည်သာ စက်တင်ဘာ ၂၉

 

ရန်ကုန်‌‌ ‌မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့ဦးစေတီ   သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက  ရန်ကုန် တိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်မားလာသည်နှင့်  အမျှ ရွှေပြည်သာမြို့နယ် တွင်လည်း  ဖြစ်ပွားသူများပြားလာပြီး  Quarantine  Centre  များ  များပြားလာကြောင်း၊ ကိုဗစ်-၁၉ ရောဂါကို ကော်မတီဝင်များအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြရန်နှင့် အခက်အခဲများရှိပါက ပေါင်းစပ်ညှိနှိုင်းပေးမည် ဖြစကြောင်း တို့ကို အမှာစကားပြောကြားပြီး မြို့နယ်ကိုဗစ်၁၉ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကျော်အောင်က အစည်းအဝေးပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရွှေပြည်သာမြို့နယ်တွင် Quarantine Centre (၁၈)ခုရှိရာ Quarantine  ဝင်ရောက်သည့် လူဦးရေမှာ (၈၀၀) ကျော်ရှိသည့်အတွက် မိမိတို့ရပ်ကွက်၊ ကျေးရွာများအတွင်းရှိသည့်အ ခြေခံပညာကျောင်းများနှင့် အဆင့်မြင့် ကျောင်း အားလုံး Quarantine Centre  အဖြစ်ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန်၊ Quarantine  Centre  များနှင့် ပတ်သက်၍ အခက်အခဲများရှိပါက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့်  Stay at Home   ကာလဖြစ်သည့်အတွက်  နိုင်ငံဝန်ထမ်းများလုပ်ငန်း တာဝန် ဆောင်ရွက်ခြင်း များမှ အပ နယ်မြေကျော်လွန်၍ ပြင်ပထွက်ခွာခွင့်မပြုကြောင်း၊ ခိုင်လုံသည့် အကြောင်းပြချက် ဖြင့်သာ သွားလာရမည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် Quarantine Centre ထားရှိသော  ရပ်ကွက်၊ကျေးရွာ  အုပ်ချုပ်ရေးမှူးများက မိမိတို့တွေ့ကြုံရသည့် အခက်အခဲများနှင့်သိရှိလိုသည်များကို မေးမြန်းခဲ့ ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း  သိရသည်။

အေးအေးမိုး (ပြန်/ဆက်)