စေတုတ္တရာ စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ စိုက်ပျိုးထားသော မြို့ပေါ်အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်ရှိ မျိုးစေ့ထုတ်စိုက်ခင်း များတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခြင်း (Activities of Field Inspection)ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မျိုးစေ့ထုတ်စိုက်ခင်းများ ကွင်းဆင်းစစ်ဆေးခြင်း(Activities of Field Inspection) ဆောင်ရွက်ရာတွင် အမှတ်(၁)ရပ်ကွက်ရှိ ဧရာမင်းစပါးမျိုး မျိုးစေ့ထုတ်စိုက်ခင်း(၅)ဧကနှင့် အမှတ်(၂) ရပ်ကွက်ရှိ ဆင်းသုခစပါးမျိုး မျိုးစေ့ထုတ်စိုက်ခင်း(၃)ဧကတို့တွင် ပင်ပွားကျာ ဘမ်းယူခြင်း၊ မျိုးကွဲရှိ/မရှိ စစ်ဆေးခြင်း၊ မှိုသီးရောဂါကျရောက်သော အပင်အနှံများ ရှိ/မရှိစစ် ဆေးခြင်းနှင့် ပေါင်းမြက်များ ရှိ/မရှိ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉စီးပွားရေးကုစားမှု(CERP) အစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်း ဧက(၁၀၀) ဆောင်ရွက်ခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက မျိုးစေ့ ထုတ်စိုက်ခင်းများ တွင် မျိုးကွဲနုတ်ပယ်ခြင်းများ၊ အပင်ဖြစ်ထွန်းမှုအခြေအနေများနှင့် ပိုးမွှား ကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် တောင်သူများ အနေဖြင့် မျိုးစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်ခြင်း ဖြင့် မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ခြင်း၊ ထွက်ရှိ လာသည့်ဆန်အရည်အသွေးကောင်းမွန်ခြင်း၊ ဈေးကောင်းရရှိ ခြင်း စသည့် အကျိုး ကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ စည်သူလွင်(ပြန်/ဆက်)