မြစ်ကြီးနားမြို့၌ လူနေအိမ် (၁) လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွား

မြစ်ကြီးနား စက်တင်ဘာ ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် ယမန်နေ့ မွန်းလွဲ (၁) နာရီကျော်ခန့်၌ လူနေအိမ် (၁) လုံးမီးလောင်မှု ဖြစ်ပွားကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်ရာနေရာသို့ ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ သန္ဓေ (၂၅) ဦး၊ အရန် (၁၀) ဦး စုစုပေါင်း (၃၅) ဦး၊ မီးသတ်ယာဉ် (၃) စီး၊ ရေသယ်ယာဉ် (၁) စီး၊ အုပ်ချုပ်မှုယာဉ် (၁)စီး ပေါင်း (၅) စီးတို့ဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများဖြင့် ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်အား မြစ်ကြီးနားမြို့နယ် ပလနနယ်မြေ ရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

စိန်ဝင်း(ပြန်/ဆက်)