ညောင်ဦး စက်တင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်-၅ ရပ်ရွှေစည်းခုံစေတီတော်ကြီး၏ တောင်ဘက်စောင်းတန်းခေါ် မေတ္တာစောင်းတန်းကြီး၏ ဘင်းထုပ်ကျိုးကျမှု ယနေ့နံနက် ၆နာရီခွဲအချိန်က ကျိုးကျခဲ့ကြောင်း ရွှေစည်းခုံဘုရားဂေါပက ဥက္ကဋ္ဌ ဦးကျော်မြင့်ထံကသိရသည်။
ညောင်ဦးမြို့နယ် ရွှေစည်းခုံစေတီတော်ကြီး၏ တောင်ဘက်စောင်းတန်းခေါ် မေတ္တာစောင်းတန်း မြောက်ဘက်အစွန်ဆုံးရှိ အုတ်တိုင်နှစ်တိုင်ကိုဆက်သွယ်ထားသည့် ဘင်းထုပ်တန်း ကျိုးကျမှုဖြစ်ပွားခဲ့ရာ ယနေ့နံနက် ၅နာရီအချိန်ခန့်က မိုးရွာသွန်းခဲ့ပြီး ရေစိမ့်ဝင်သည့်နေရာမှ စတင်ကာ အုတ်များဖြည်းဖြည်းခြင်းပဲ့ ထွက်လာရာမှ ၆နာရီခွဲအချိန်တွင် အရှည်ပေ ၂၀ခန့်ရှိဘင်းထုပ်ကြီး ကျိုးကျခဲ့ကြောင်း သိရသည်။
ကျိုးကျခဲ့သည့် ဘင်းထုပ်တန်းသည် ၁၉၆၁ ခုနှစ်ကပြုလုပ်ခဲ့သည့် အုတ်တိုင်နှစ်တိုင်ကိုဆက် သွယ်ထားသော ဘင်းထုပ်တန်းဖြစ်ကာ မိုးရေရိုစိမ့်မှုကြောင့် အန္တရာယ်ရှိနေရာအဖြစ် သတိပေး ဗီနိုင်းများ ကပ်ထားခဲ့ကြောင်း၊ ဘင်းထုပ်တန်းပြိုကျမှုကြောင့် လူများတစ်စုံတစ် ရာထိခိုက်မရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပြန်လည်ပြုပြင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ရွှေစည်းခုံဘုရားဂေါပက ဦးကျော်မြင့်ထံက သိရသည်။
ကိုထိန်၊KPD