ဆီဆိုင် အောက်တိုဘာ ၂၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၅၉ ဒသမ ၇ သန်းဖြင့် ထက်ဓနအောင်ကုမ္ပဏီမှ ဆောင်ရွက်သည့် မိုက်တီး-နောင်ဘို လမ်းပေါ်ရှိ အရှည် ပေ (၂၀) ၊ သံကူကွန်ကရစ်ကြမ်းခင်း တံတားတစ်စင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၂၂၇ ဒသမ ၇ သန်းဖြင့် ပြည့်ကောင်းကုမ္မဏီမှ ဆောင်ရွက်သည့် မကောက်(နောက်)-နောင်လိတ်-ကွန်မွန်း-ဖာလိုင်-ပန်ကန်းလေး-KFW(လမ်းခွဲ) လမ်းပေါ်ရှိ အရှည်ပေ ၄၀ သံပေါင်၊ သံကူကွန်ကရစ် တံတားတစ်စင်းနှင့် ပြည်ထောင်စုရန်ပုံငွေကျပ်သန်း ၃၅၀ ဖြင့် ကုန်းဆွတ်-လာဇရူး-တောင်သာ-တရောက်-ဖာလိုင် လမ်းပေါ်ရှိ အရှည်ပေ ၂၀၀ သံကူကွန်ကရစ် တံတား(ပထမပိုင်း)တည်ဆောက်နေမှုတို့ကို အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံရေး) ဦးရဲခေါင်ထွန်း၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေး ဌာနခွဲ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမင်းလတ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ကြွယ်ကြွယ်ဝင်းနှင့် တာဝန်ရှိသူတို့က လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)