ညောင်ရွှေ အောက်တိုဘာ ၂၆
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသအတွင်းရှိ နေအိမ်များ ပြန်လည်ပြုပြင်နိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုကော်မတီမှ ပစ္စည်းတန်ဖိုးငွေများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ(၂၆)ရက် နံနက်(၁၀)နာရီက ညောင်ရွှေမြို့နယ် အင်းလေးဒေသကေလာကျေးရွာအုပ်စု ဇရပ်ကြီးကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်သည်။
အခမ်းအနားအတွင် ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့က အမှာစကားပြောကြားကြပြီး ထောက်ပံ့ငွေများ ပေးအပ်ကြရာ ငလျင်ဒဏ်သင့် နေအိမ်ပိုင်ရှင်များက လက်ခံယူသည်။
ထို့နောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးများနှင့်ဧည့်သည်တော်များက တစ်ဦးချင်းစီအတွက် ထောက်ပံ့ငွေပေးနေမှုကို ကြည့်ရှု အားပေးခဲ့သည်။
အခမ်းအနာအပြီးတွင် ပြည်နယ်ဝန်ကြီးများသည် သလဲဦးကျေးရွာအုပ်စု အင်ကြင်းကုန်း ကျေးရွာရှိ အင်းလေးကန်အတွင်း သောက်သုံးရေဖြန့်ဖြူးပေးနေသည့် စက်ရေတွင်းနှင့် ရေလှောင်ကန်တို့အား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ