ကော့မှူးမြို့နယ် ရေတာရှည်ကျေးရွာရှိ ဒေသခံအစုအဖွဲ့ပိုင် ဝါးစိုက်ခင်းသို့ AFOCO REATC ဝါးပစ္စည်း ထုတ်ကုန်သင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူများလာရောက်လေ့လာ

ကော့မှူး အောက်တိုဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် သစ်တောဦးစီးဌာန စီမံအုပ်ချုပ်မှု နယ်မြေအတွင်းရှိ မြောက်ချောင်ကျေးရွာအုပ်စု၊ ရေတာရှည်ကျေးရွာရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင် ဝါးစိုက်ခင်း(၁၂၅)ဧကသို့ ယနေ့နံနက်ကAFOCO REATC ဝါးပစ္စည်း ထုတ်ကုန်သင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူ(၂၀)ဦးနှင့် သင်တန်းဆရာ/ဆရာမ(၅)ဦးတို့ပါဝင်သော သင်တန်း ကျောင်းလေ့လာရေးအဖွဲ့များက လာရောက်လေ့လာနေကြကြောင်းသိရသည်။

အဆိုပါလာရောက်လေ့လာသူများအား မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးလူမင်းက စိုက်ပျိုးထားရှိသော ဝါး(၂၆)မျိုးအကြောင်းနှင့် ဝါးစိုက်ပျိုးနည်းများအား ပြောကြားခဲ့ပြီး တောင်ချောင် ကျေးရွာအုပ်စုမူလတန်းကျောင်းတွင် ဝါးအခြေခံလက်မှုလုပ်ငန်း လုပ်ကိုင်နေသူများ ရက်လုပ် လျက်ရှိသော (ဖျာ၊တောင်း၊ ဇကော၊ ဇကာ၊ ခြင်းများကိုလည်း လေ့လာကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)