ကလောမြို့နယ် မြေခြားကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ကလော    အောက်တိုဘာ  ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် အဖွဲ့ဝင်များသည် အောက်တိုဘာ ၂၄ ရက် နံနက် ၉ နာရီက နောင်ရဲကျေးရွာအုပ်စု မြေခြားဘုန်းတော်ကြီး၌ ကျန်းမာရေးစောင့်ရှောက်လုပ်ငန်းများကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် က‌လောမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခိုင်စုစုညိမ်းနှင့်အဖွဲ့ဝင်များ၊ အောင်ပန်းတိုက်နယ် ကျန်းမာ‌ရေးဌာနနှင့် မြေခြားကျေးလက်ကျန်းမာရေးဌာနခွဲမှဝန်ထမ်းများက မြေခြားဘုန်းတော်ကြီးကျောင်းတွင် ကျေးလက်နေရဟန်းသံဃာ‌တော်များနှင့် ဒေသခံပြည်သူ(၁၂၂)ဦးအား ဆေးကုသမှုပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်းနှင့် သက်ကြီးရွယ်အိုတို့ကို ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်းလုပ်ငန်းများဆောင်ရွက်‌ပေးခဲ့ကြောင်းသိရသည်။

ကျော်ဝင်း(ကလော)