ညောင်ရွှေ အောက်တိုဘာ ၂၆
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ သမဝါယမအသင်းများမှ GW-11 အထွက်တိုးစပါး စံပြစိုက်ကွက်စိုက်ပျိုးထားသည့် မိုးစပါးစိုက်သမဝါယမအသင်းများ၏ စိုက်ခင်း များကို တာဝန်ရှိသူများက ကွင်းဆင်းအသိပညာပေးခြင်းကို အောက်တိုဘာ(၂၆)ရက် နံနက်ပိုင်းက လွယ်မောကျေးရွာ ရွှေမင်းသားစိုက်/ထွေအင်းစိုက်ခင်း၊ ကြည်းထက်ကျေးရွာ မြပုလဲလယ်/ထွေအသင်းစိုက်ခင်းနှင့် သလဲဦးကျေးရွာ ရောင်နီဦးလယ်/ထွေ သမဝါယမ အသင်း မှ အသင်းသားတောင်သူများ၏ စိုက်ဧကများ၌ ဆောင်ရွက်သည်။
ကွင်းဆင်းဆောင်ရွက်ခြင်းကို ညောင်ရွှေမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမြင့်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများ ဂရိတ်ဝေါကုမ္ပဏီမှ စိုက်ပျိုးရေးပညာရှင် ဒေါ်ရင်ရင်မာနှင့် တာဝန်ရှိသူများပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး မိုင်ပျိုးကျေးရွာအုပ်စု ကြည်းထက်ကျေးရွာ စာကြည့်တိုက်၌ မိုးစပါးစိုက်သမဝါယမအသင်းသား တောင်သူများအား နွေးစပါး/မိုးစပါးစိုက်ပျိုးခြင်းနှင့် ဆီနေကြာစိုက်ပျိုးခြင်းနှင့်ပက်သက်၍ ဆောင်ရွက်သင့်သည့်နည်းလမ်းများအား အသိပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် အသင်းသားတောင်သူများ၏ မေးမြန်းချက်များကို ဖြေကြားပေးခဲ့ကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)