အမြို့မြို့အနယ်နယ်သတင်းများ

Oct 08,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊မှော်ဘီမြို့နယ်၊ အ.ထ.က(၂) Quarantine Center တွင် စောင့်ကြည့်ခံရသူများအတွက် လိုအပ်နေသည့် စောင်၊ခြင်ထောင်၊ဆေးပစ္စည်းနှင့် မီးဖိုချောင်ပစ္စည်း မျိုးစုံတို့ကို မှော်ဘီ အ.ထ.က(၂)ကျောင်းသား ဟောင်းများအဖွဲ့ ကော်မတီမှ စုပေါင်း၍ ယနေ့ နံနက်(၉)နာရီအချိန်က လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 08,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်း မြို့နယ်တွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ဌာနဆိုင်ရာများ ညှိနှိုင်း ဆွေးနွေးမှုကို ယနေ့ နံနက် ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 08,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အမှတ်(၁၂) ရပ်ကွက်၊ ဒေသန္တရဆေးခန်းတွင် ဖွင့်လှစ်ထားရှိသည့် လှိုင်သာယာဖျားနာကု (အခမဲ့) ဆေးခန်းသို့ ယမန်နေ့ မွန်းလွဲ(၂)နာရီခန့်တွင် နိုင်ငံချစ်သူများအဖွဲ့က KTM သောက်ရေသန့် (၃၀၀)ဘူး လာရောက် လှူဒါန်းခဲ့သည်။
Oct 08,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းကို အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်ကြာ ကပ်ထား ကြေညာပေးလျက်ရှိကြောင်း သိရသည်။
Oct 08,2020
ရှမ်းပြည်နယ်(တောက်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေး မြို့နယ်ကော်မရှင် အဖွဲ့ခွဲအစည်းအဝေးကို ယနေ့နံနက် ၈ နာရီက မြို့နယ် ကမ္ဘောဇခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဌေးညွန့်တို့က အမှာစကားပြောကြားခဲ့သည်။
Oct 08,2020
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင်၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး များ၌ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်ကပ်ထားကြေညာထားပြီး ဖြစ်ရာမဲစာရင်း တွင်မိမိအမည်ပါ၊မပါပြည်သူများလာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။
Oct 08,2020
ရန်ကုန်တိုင်းဒေသကြီး ၊အရှေ့ပိုင်းခရိုင်၊ဒေါပုံမြို့နယ် ၊လမုတန်းရပ်ကွက်၊အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းရှိ ဖွင့်လှစ်ထား ရှိသောCommunity Based Quarantine Centre ရှိ Quarantine ဝင်ရောက်နေသူများ ရေသုံးစွဲခြင်း အဆင်ပြေစေရန် အတွက်  မြို့နယ်မီးသတ်ဦးစီးဌာနက ယမန်နေ့ နံနက်(၁၁)နာရီ အချိန်က သုံးရေကိုသွား ရောက်လှူဒါန်းပေး ခဲ့ကြောင်းသိရသည်။
Oct 08,2020
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC (International Committee of the Red Cross)(ရှမ်း/မြောက်)မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အကျဉ်းဦးစီးဌာနသို့ ကိုဗစ်− ၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ အကျဉ်းဦးစီးဌာန ရုံးဝန်းရှေ့တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။