ရွာသစ် အောက်တိုဘာ ၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်-ရွာသစ်မြို့၌ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ဖြည့်စွက် ရန်ပုံငွေဖြင့် ဆောင်ရွက်သော နှစ်ပေါင်း (၁၅၀) ကျော်ခန့်ရှိ ရွာသစ် ရှေးဟောင်း ညောင်ခမ်း ဘုန်းတော်ကြီးကျောင်း အ၀င် ပေ(၄၀၀) ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို (၂၇.၃.၂၀၂၀)ရက်နေ့ တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကယားတောင်တန်း ကုမ္ပဏီမှ တာ၀န်ယူ ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် သတ်မှတ် စံချိန်စံညွန်းများနှင့်အညီ ရာနှုန်း ပြည့် ပြီးစီးပြီဖြစ်ကြောင်း တာ၀န်ရှိသူထံမှ သိရသည်။ အဆိုပါ ရှေးဟောင်း ညောင်ခမ်းဘုန်းတော်ကြီး ကျောင်းအ၀င် လမ်းများ ကောင်းမွန်လာခြင်းကြောင့် အထွတ်အမြတ်ထားရာ ဆင်စွယ်ဘုရားအား ရပ်ဝေးရပ်နီးမှ လာရောက်ဖူးမြော်သူများနှင့် ဒေသခံ ပြည်သူများအတွက်လည်း သွားလာရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)