မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်

သထုံ   အောက်တိုဘာ    ၈

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိမသန်စွမ်းသူများအတွက် လူမှုဝန်ထမ်းဦးစီးဌာန၏ ကိုဗစ်-၁၉ ကာလ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးက ထောက်ပံ့ငွေပေး အပ်ရ ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းအမှာစကားပြောကြားပြီး သထုံမြို့နယ်အတွင်းရှိ မသန်စွမ်း သူ (၃၀၆၉) ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၉၂၀၇၀၀၀၀)အား ရပ်ကွက်/ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်း ပေး အပ်ခဲ့သည်။

အဆိုပါထောက်ပံ့ငွေများကို သထုံမြို့နယ်အတွင်းရှိ ရပ်‌ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များမှ တစ်ဆင့် မသန်စွမ်းသူများထံ အိမ်တိုင်ယာရောက် လိုက်လံထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သက်ဦး(သထုံ)